- Published on
Docsify
Update: 2023-08-27
လက်ရှိစာရေးနေတဲ့ အချိန်မှာတော့ Docsify အစား VitePress ကို ပြောင်းသုံးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ကြည့်လို့ ရပါတယ်။
Docsify ဆိုတာကတော့ documentation site generator တစ်ခုပါ။ Markdown နဲ့ရေးထားတဲ့ file တွေကို load လုပ်ပြီး website အနေနဲ့ ပြပေးတာပါ။
Examples
- free-for-dev - Free for Developers
- Polly.js - Record, replay, and stub HTTP interactions
Installation
Docsify ကို npm ကနေ install လုပ်လို့ရပါတယ်။
npm i docsify-cli -gUsage
နမူနာအနေနဲ့ to-raw-sql package အတွက် documentation site တစ်ခု generate လုပ်ပါမယ်။
အရင်ဆုံး git clone လုပ်ပါမယ်။
git clone https://github.com/PyaeSoneAungRgn/to-raw-sql.git
cd to-raw-sqlပြီးရင်
docsify init ./docsလို့ run လိုက်ရင် docs ဆိုတဲ့ folder အသစ်ဆိုတဲ့ တစ်ခု create လုပ်သွားပါမယ်။ docs folder ထဲမှာ index.html နဲ့ README.md ဆိုပြီး file နှစ်ခုတွေ့ရပါမယ်။ (ဒီနေရာမှာ docs folder ထဲက README.md file က root folder ရဲ့ README.md file နဲ့ အတူတူဖြစ်နေမှာပါ။ Docsify က auto ကူးထည့်ပေးထားတာပါ။)
Preview ကြည်ဖို့အတွက်
docsify serve docsလို့ run ပါမယ်။ ဒါဆိုရင် အခုလို ရပါပြီ။

ဒီနေရမှာ code တွေ syntax highlight ဖြစ်အောင် plugin ထည့်ပေးရပါမယ်။
index.html မှာ
<script src="//cdn.jsdelivr.net/npm/prismjs@1/components/prism-bash.min.js"></script>
<script src="//cdn.jsdelivr.net/npm/prismjs@1/components/prism-php.min.js"></script>ဆိုပြီး body အပိတ် tag မတိုင်ခင် ထည့်လိုက်ရင် ရပါပြီ။ Final version ကို ဒီမှာ ကြည့်လို့ရပါတယ်။
Conclusion
တခြား theme ချိန်းတာတို့၊ plugin တွေထည့်တာတို့၊ customization လုပ်တာတွေကို Docify Documentation မှာလေ့လာလို့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Docify ကိုသုံးပြီး Laravel Myanmar Tools documentation ကိုရေးထားပါတယ်။ Document's source Code ကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်။ သိချင်တာရှိရင်လည်း မေးလို့ရပါတယ်ခဗျာ။